Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's


ပညာသင်ခြင်း၊ ပညာရှာခြင်းကို
အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကြသည်။

ကျွန်တော် သဘောကျတဲ့ အဓိပ္ပါယ်လေးကို မျှဝေလိုက်ပါတယ်။
ပညာသင်ခြင်း ပညာရှာခြင်းဆိုတာ
အတွေ့အကြုံတွေကို မျှဝေခြင်း၊ လက်ဆင့်ကမ်းခြင်း
ဆိုတာလေးကို သဘောကျတယ် လက်ခံတယ်။
ဘာလို့လဲဆိုတော့ ဥပမာလေးတစ်ခုပေါ့ ။ Carbon (ကာဗွန်) ကို ထုတ်ဖော်တတ်လားမေးရင်
ကျွန်တော်တို့ မထုတ်ဖော်တတ်ဘူး ။ သို့သော် ရှေ့ကလူတွေက ထုတ်ဖော်ခဲ့တာကို
လက်ဆင့်ကမ်းခဲ့လို့ ကျွန်တော်တို့ အလွယ်တကူ ထုတ်ဖော်ပုံကိုသိနိုင်တယ်။

ဒါဟာ ပညာသင်ခြင်း ၊ ပညာကို လက်ဆင့်ကမ်းခဲ့ခြင်းပေါ့ …
မိမိသင်ထားတာတွေကို လက်ဆင့်မကမ်းလိုသူများ
မိမိထက်သာမည်ကို စိုးရိမ်သဖြင့် မဝေမျှလိုသူများသည်
ပညာတတ် လူယုတ်မာများဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
ကိုယ့်ထက် တစ်ဆင့်ထက် တစ်ဆင့်တော်သွားလေ ကိုယ်နိုင်ငံ ကိုယ့်လူမျိုးတိုးတတ်လေပေါ့။
ဆရာ့ထက် တပည့်တော်လေ တိုးတတ်လေပေါ့ ။ ဒီတပည့်တောင် ဒီလောက်တော်ရင် သူ့ဆရာဆို
ပိုတော်မှာဘဲလို့ လူတိုင်းတွေးမိကြမှာပါ။ ကိုယ့်တပည့်၊ ကိုယ့်လူမျိုးတိုးတတ်တာ မိမိတို့ တိုးတတ်ခြင်းနှင့် အတူတူပါပဲလို့ တွေးနိုင်ပါစေ။
ငါမှ အကုန်မတတ်သေးတာ၊ အကုန်တတ်မှ သင်ပေးမယ်၊ မျှဝေမယ်လို့
လက်ခံထားသူများကို တစ်ခုပြောချင်ပါသည်။
အကုန်သိအောင် တတ်တဲ့သူ မရှိဘူး ၊ သိတယ်လို့ပြောတဲ့သူကလဲ အရူးပဲ၊ လူညာပဲ ။
အကုန်သိမှသင်ပေးမယ်ဆိုရင်တော့ သေလိုက်တော့ သေတဲ့ထိလဲ အကုန်မသိဘူး၊ မသင်ရဘူးမှတ်။
ခု လက်ရှိ မိမိသိထားသော ၊ တတ်ထားသော… ပညာများ ၊ ဗဟုသုတများကို
ပြန်လည်ဝေမျှခြင်း ၊ သင်ကြားခြင်း ၊ ကူညီခြင်း၊ လက်ဆင့်ကမ်းခြင်းဖြင့်
ပညာပါရမီ၊ ပညာကုသိုလ်ယူလိုက်ကြရအောင်လား မိတ်ဆွေတို့
                              

ရှင်းသန့် (18.02.2012) (စိတ်ရူးထတဲ့နေ့)

0 comments:

Post a Comment