Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတစ်ပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကားပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။အလှူပွဲများ စဉ်ဆက်မပျက် ကျင်းပကြ၏။ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။



နောင်တ၁၀-မျိုးကား

၁။အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်ခဲ့မိလေခြင်း။
၂။ဥစ္စာပစ္စည်းမစုဆောင်းမိခဲ့လေခြင်း။
၃။သူတပါး၏အချစ်ကိုဖျက်ဆီးမိခဲ့လေခြင်း။
၎။သူတပါး၏အသက်ကိုသတ်မိခဲ့လေခြင်း။
၅။သူတပါးသားမယားကိုပြစ်မှားမိခဲ့လေခြင်း။
၆။ဥစ္စာပစ္စည်းရှိလျက်မလှူမိခဲ့လေခြင်း။
၇။ဆုံးမစကားကိုနားမထောင်မိခဲ့လေခြင်း။
၈။မိဘကိုမလုပ်ကျွေးမိခဲ့လေခြင်း
၉။ပညာရှိထံနည်းခံ၍ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။မြတ်သောအကျင့်ကိုမကျင့်မိခဲ့လေခြင်းတို့ဖြစ်သည်။

အကိုး။ဒွါဒသနိပါတ်၊ဇနသန္ဓဇာတ်။

(ဉာဏ်လင်းအောင်)
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ ) မှ ကူးယူဖော်ပြပါသည် ။ နှစ်သစ်မှစလို့ ကောင်းမွန်သော အလုပ်၊ ကောင်းမွန်သော စိတ် ၊ ကောင်းမွန်သော အတွေးတွေမွေးနိုင်ကြပါစေ ။ အလှူဒါန များစွာ လှူဒါန်းနိုင်ကြပါစေ။ မိဘကို ပြုစု လုပ်ကြွေးနိုင်သော သား၊သမီး ရတနာများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း..... နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

ရှင်းသန့်(17.04.2011 sunday)


Родинка       =အမှတ်၊ မှဲ့
Кожа           =အရေပြား
Живот         =ဗိုက်၊ဗိုက်သား
 Пупок          =ချက်
Талия           =ခါး

Пах(паховая область)=ပေါင်ခြံ
Бедро          =ပေါင်တံ
Лобок          =ဆီးခုံ
Лобковые болосы  =ဆီးခုံအထက်ကအမွှေး(…မွှေး)
Половой член (пол,фаллос)=အထီးလိင်
Головка       =ထိပ်၊ခေါင်း

Влагалище   =မအင်္ဂါ၊သားအိမ်လမ်းကြောင်း
Мастурбация (онанизм)    = masturbation
(заниматься мастурбацией)
Анус            =စအို
Кал              =မစင်
Моча            =ဆီး

Попа            =ဖင်ပိုင်း
Ягодица       =တင်ပါး
Мускул(мышца)  =ကြွက်သား
Кость           =အရိုး

Нога            =ခြောက်ထောက်
Колено        =ဒူးခေါင်း၊ဒူးဆစ်
Теленок       =ခြေသလုံးကြွက်သား
Лодыжка      =ခြေပွတ်တိုင်
Палец ноги(носок)=ခြေချောင်း
Стопа          =ခြေဖ၀ါး
Пятка           =ခြေဖနောင့်

* မှားခဲ့ရင်လည်း သည်းခံပေးပါ၊ သိသလောက်ဖော်ပြခြင်းပါ...နဲနဲလေး ယူသွားတယ်၊ ရသွားတယ်ဆိုရင်ပဲ ၀မ်းသာနေမှာပါ။ ယူသွားတယ် ဒါမှမဟုတ် သိတာလေးထပ်ရှိသေးရင် စီဘောက်မှာ အော်သွားပါအုံး...

ရှင်းသန့်(19.02.2011)

    ခု…ကျွန်တော်ရှင်းသန့် ပြောပြချင်တာလေးက ရုရှားဘာသာစကား လေ့လာနေသူများအတွက် နဲနဲလေးလောက် အထောက်ကူဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ဖြစ်ဖြစ် ရရှိစေလိုပါသဖြင့် ကျွန်တော့်မှတ်စု စာအုပ်လေးထဲက ကောက်နုတ် တင်ပြလိုက်ပါတယ် ။ ကျန်းမာရေး မကောင်းတဲ့အခါ  (ကျောင်းမလိုက်ချင်လို့) ပြောတဲ့အခါမှာ အသုံးဝင်ပါတယ် ။ သိသလောက်ပြောပြတာပါ အကုန်မသိပါ...

လူ့ခန္ဒာကိုယ်မှ အစိတ်အပိုင်းများ … အပိုင်း(၁)


Голова         =ဦးခေါင်း
Память         =မှတ်ညဏ်
Волос(ы)      =ဆံပင်
Лицо            =မျက်နှာ
Лоб             =နဖူး
Висок           =နားထင်
Затылок       =နောက်စေ့
Ухо(уши)      =နား
Глаз(а)         =မျက်လုံး
Ресницы       =မျက်တောင်မွှေး
Бровь           =မျက်ခုံးမွှေး
Щека           =ပါး၊ပါးမို့
Нос              =နှာခေါင်း
Рот              =နုတ်ခမ်း
Язык            =လျှာ
Язычок        =လျှာခင်၊အာသီး
Зуб(ы)         =သွား
Десна           =သွားဖုံး
Усы              =နှုတ်ခမ်းမွှေး
Борода         =မုတ်ဆိတ်
Подбородок =မေးစေ့

Шея             =လည်ပင်း
Ключица      =လည်ပင်ညှပ်ရိုး
Кадык(адамово яблоко)   =ဇလုတ်
Плечо          =ပခုံး
Лопатка       =လက်ပြင်
Спина           =ကျောဘတ်
Ящик(сундук)=ရင်ဘတ်
Грудина       =ရင်ညွန့်ရိုး(အရှိုက်ရိုး)
Грудь           =မိန်းမရင်သား
Рукоятка(рычаг,рука) =လက်မောင်း
Калено(локоть)=တံတောင်ဆစ်(အဆက်)
Предплечье  =လက်ဖျံ
Подмышка    =ချိုင်းကြား
Подмышечные волосы=ချိုင်းမွှေး

Запястье      =လက်ကောက်ဝတ်
Рука             =လက်
Палец          =လက်ချောင်း
Ноготь         =လူ၏လက်သည်း
Коготь         =တိရိစ္ဆာန်လက်သည်း


လက်ချောင်းလေးတွေကို ခွဲ ခေါ်ကြမယ်။ 
Палецы
Большой палец      =လက်မ
Указательный палец=လက်ညိုး
Средний палец       =လက်ခလည်
Безымянный палец=လက်သန်းကြွယ်
Мизинец палец       =လက်သန်း

မသိတာလေးတွေ လိုချင်တာလေးတွေ ရှိရင်စာအုပ်လေးထဲမှာ ရေးမှတ်ထားပေါ့...ယူကြပါ..ပြန်မျှပါ...

ဒုတိယပိုင်းဆက်လျှက်ဖတ်ရှုပေးပါ...စိတ်ဝင်စားစရာ အောက်ပိုင်းဆိုင်ရာများကျန်ရှိပါ သေးတယ် ....ဟဟ



ရှင်းသန့်(18.02.201)


အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. အဲ့ဒီအသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး တွေကိုဖောာ်ပြပေးလိုက်ပါတယ်။

ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။

ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။

လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်.. ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။
သင်္ဘောသီး

ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်.. သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်…။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက်
ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်း အားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေကာကွယ် သင့်ကြတယ် မဟုတ်ပါလား။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
*စာဖတ်သူတို့အား ဗဟုသုတရစေချင်ပါသဖြင့် မေးလ်ထဲမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ နောက်ထပ် ကောင်းနိုးရာရာလေးတွေလဲ ဆက်လျှက် တင်ပေးသွားပါအုံးမယ်...။



ပြုံးပြုံး ပြုံးပြုံးနှင့်  မင်းဘယ်တော့တုန်း
သုံး ပျောက်လို့ ငါး ကွယ်
ခြောက်ရွာနှင့်လွဲ
လူ့ပြည်မှာ စံမမြဲ
လေး အောက်ကဆွဲ…
သတိ--- ပြုံးပြုံး ပြုံးပြုံးနှင့် မင်းဘယ်တော့တုန်း=လောကီအာရုံကာမဂုဏ်နှင့် ပျော်မွေ့ပြီးနေကြလျှင် မိမိဘယ်နေ့ကွယ်လွန်မည်ဆိုတာကို မသိနိုင်ပေ။
သုံး ပျောက်လို့ ငါးကွယ်=ရတနာ သုံးပါး ကိုးကွယ်ရမည်ကို သတိလက်လွတ်ပြီး အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးကို မေ့နေသည်က များပေသည်။
ခြောက် ရွာ နှင့် လွဲ= ထို့ကြောင့် နတ်ပြည်ခြောက်ထပ်နှင့် လွဲသူကများပေသည်။
လူ့ပြည်မှာ စံမမြဲ=လူ့ဘ၀ဆိုသည်မှာ မမြဲပေ။ ရေပွက်ပမာ တစ်သက်လျာတည့်
လေး အောက်ကဆွဲ= သတိလက်လွတ်ပြီး အကုသိုလ်ကျူးလွန်မိသဖြင့် အပါယ်လေးပါးသို့ နစ်မြုပ်သွားရပေသည်။
ချိုးဖြူသာသနာပြု အဖေကြီး ဦးအေးဖေ (ဦးအဂသာရ)

Алфавит (33)=ဗျဉ်းသရအက္ခရာ ၊ အက္ခရာစဉ် ။ 
                
А - апельсин =လိမ္မော်သီး
Б - банан =ဌက်ပျောသီး
В - велосипед =စက်ဘီး
Г – грузовая машина =ကုန်တင်ကားကြီး
Д – девочка =ကောင်မလေး
Е – лейка =ရေပန်းခရားပုံး
Е – вертолет =ရဟတ် ယဉ်
Ж – джинсы =ဂျင်းဘောင်းဘီ
З –зонтик (зонт) =ထီး ၊ နေကာထီး
И – скрипка =တယော
Й – воздушный змей =စွန် ၊လေတံခွန်
К – кружка =မက်ခွက် (လက်ကိုင်ပါသော)
Л – лодка =ရွက်လှေ
М – мяч =ဘောလုံး
Н – носки =ခြေအိတ်
О – орех (орехи)=အခွံမာသောအသီး(များ)
П – подарок =လက်ဆောင်
Р – ракушка =ခရု
С – собака =ခွေး
Т – трактор =ထွန်စက်
У – рубашка =ရှပ်အကျီ င်္
Ф – флаг =အလံ
Х – хлеб =ပေါင်မုန့်
Ц – мотоцикл =မော်တော်ဆိုင်ကယ်
Ч – часы =နာရီ
Ш – шляпа =ဦးထုပ်
Щ – плащ =မိုးကာအကျီ င်္
Ъ – ы – ь
Э – электрическая гитара =လျှပ်စစ်ဂီတာ
Ю – плюшевый мишка =အမွေးပွဝက်ဝံရုပ်
Я – яичница =ကြက်ဥကြော်


          Алфавит (33)=တိရိစ္ဆာန်များ

А – антилопа =ဒရယ် ၊ တောဆိတ်
Б – бабочка =လိပ်ပြာ
В – волк =၀ံပုလွေ
Г – гиппопотам =ရေမြင်း
Д – панда =ပန်ဒါ
Е ,е – зебра и жеребенок =မြင်းကြား နဲ့ မြင်းကြားသားပေါက်စ
Ж – жираф =သစ်ကုလားအုပ် (လည်တံရှည်)
З – змея =မြွေ
И – игуана =ဖွတ်
Й – попугай =ကြက်တူရွေး
К – коала =ကိုအာလာဝက်ဝံမျိုး ၊ သားပိုက်ကောင်..-  комер = မှက်
Л – лягушка =ဖား
М – морская свинка =ပင်လယ်ဝက်- москит =ခြင်  .- муравей =ပုရွက်ဆိတ်
Н – носорог =ကြံ့
О – олень =သမင်
П – поросенок =၀က်ပေါက်စ
Р – рыба =ငါး
С – слон =ဆင်
Т – тигр =ကျား
У – утка =ဘဲ
Ф – фламинго =ကြိုးကြာနီ (ခြေလက်ရှည် အရောင်နီနီရှိ)
Х – хомяк =ကြွက်
Ц – цыплята =ကြက်ပေါက်စ
Ч – черепаха =လိပ်
Ш – шимпанзе =ချဉ်ပင်စီမျောက်
Щ – щенок =ခွေးပေါက်လေး
Ъ –ы –ь
Э – эму =အီးမျူးဌက် (အပြေးမြန်သောလဲး မပျံသန်းနိုင်)
Ю – верблюд  = ကုလားအုပ် (ဘို့ပါ)
Я – ящерица =အိမ်မြောင် ၊ ပုတ်သင် ၊ကင်းလိပ်ချော ၊ဖွတ် ။