ပြုံးပြုံး ပြုံးပြုံးနှင့် မင်းဘယ်တော့တုန်း
သုံး ပျောက်လို့ ငါး ကွယ်
ခြောက်ရွာနှင့်လွဲ
လူ့ပြည်မှာ စံမမြဲ
လေး အောက်ကဆွဲ…
သတိ--- ပြုံးပြုံး ပြုံးပြုံးနှင့် မင်းဘယ်တော့တုန်း=လောကီအာရုံကာမဂုဏ်နှင့် ပျော်မွေ့ပြီးနေကြလျှင် မိမိဘယ်နေ့ကွယ်လွန်မည်ဆိုတာကို မသိနိုင်ပေ။
သုံး ပျောက်လို့ ငါးကွယ်=ရတနာ သုံးပါး ကိုးကွယ်ရမည်ကို သတိလက်လွတ်ပြီး အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးကို မေ့နေသည်က များပေသည်။
ခြောက် ရွာ နှင့် လွဲ= ထို့ကြောင့် နတ်ပြည်ခြောက်ထပ်နှင့် လွဲသူကများပေသည်။
လူ့ပြည်မှာ စံမမြဲ=လူ့ဘ၀ဆိုသည်မှာ မမြဲပေ။ ရေပွက်ပမာ တစ်သက်လျာတည့်
လေး အောက်ကဆွဲ= သတိလက်လွတ်ပြီး အကုသိုလ်ကျူးလွန်မိသဖြင့် အပါယ်လေးပါးသို့ နစ်မြုပ်သွားရပေသည်။
ချိုးဖြူသာသနာပြု အဖေကြီး ဦးအေးဖေ (ဦးအဂသာရ)
0 comments:
Post a Comment