Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's


Posted by မေမြို့သား on 8:03 AM in ဗဟုသုတ ဆေးစာများ

Planet — တစ်ပတ်လျှင် ဥ(၃)လုံးမျှ ပုံမှန်စားခြင်းသည် အမျိုးသားတစ်ဦးကို ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးရန် ဖြစ်နိုင်ခြေ (၇၀)ရာခိုင်နှုန်းထိ မြင့်တက်လာစေကြောင်း သိရသည်။ သုတေသီများက ကြက်ဥ၊ ဘဲဥများကို ပုံမှန် စားသုံးမှု ကာလရှည်ကြာစွာ ပြုလုပ်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေမည်ဟု သတိပေးခဲ့သည်။ အပတ်စဉ် ကြက်ဥနှင့် ဘဲဥ (၂)လုံးနှင့် (၁)ခြမ်းမျှ ပုံမှန် စားသုံးသော အမျိုးသားများသည် သာမန်ထက် ဆီးကြိတ်ကင်ဆာ အဖြစ်ပိုများပြီး သေဆုံးလေ့ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။


ထိုအနေအထားသည် သေစေလောက်သော ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သည့် အနေအထားအတွက် (၈၁)ရာခိုင်နှုန်းထိ မြင့်တက်စေကြောင်းလည်း ဆိုသည်။ ဘော်စတွန်ရှိ ဟားဗက် ပြည်သူ့ကျန်းမာရေးကျောင်းမှ ပညာရှင်များက အမျိုးသား (၂၇၀၀၀)တို့၏ နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို (၁၄)နှစ်ကြာ အချိန်ယူ လေ့လာပြီးနောက် ယခုရလဒ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
ကြက်ဥ၊ ဘဲဥများနှင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတို့ ဆက်စပ်မှုကို သုတေသီများက ခြေရာခံနိုင်ခဲ့သော်လည်း အသားများများ စားခြင်းကြောင့် ဆီးကြိတ်တွင် ကင်ဆာကြိတ်များ ဖြစ်ပေါ်နိုင်ခြေ မတွေ့ရဟု ဆိုသည်။ ဥများများစားသော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာကြောင့် သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဆေးမှတ်တမ်းများက ညွှန်ပြလျှက်ရှိသည်။
ကျတော် အွန်လိုင်းမှာ ဖတ်မိသမျှကို Share လုပ်ပေးလိုက်ပါသည်.. thanx


http://yeenyoneyar.blogspot.com/
မှ ကူးယူဖော်ပြပါသည် ။
Кухня (столовая)= မီးဖိုခန်း
Ложка =ဇွန်း
Вилка =ခက်ရင်း
Нож =ဓါး
Шпага =ဓါးရှည်
Тарелка =ပန်းကန်ပြား
Миска =ပန်းကန်လုံး
Блюдце =ပန်းကန်ပြားအသေးလေး(ကော်ဖီခွက်အောက်ခံ)
Стакан =ဖန်ခွက်
Кружка =မက်ခွက်(လက်ကိုင်ပါ)
Чашка(чаша)=ရေနွေးပန်းကန်
Чайник =ရေနွေးအိုး
Кастрюля=ဟင်းအိုး
Сковородка(сковорода)=ဒယ်ဘိုင်း(လက်ကိုင်ပါ)
Тряпка =လက်သုတ်ဝတ်
Салфетка=တစ်ချူး(လက်သုတ်)
Лоскут =အ၀တ်စုတ်
Лоток (поднос)=လင်ဗန်း
Печь(плитка)=မီးဖို
Кран =ရေပိုက်ခေါင်း
Шланг =ရေပိုက်
Ведро =ရေပုံး(လက်ဆွဲပုံး)
Губки =ဖော့တုံး
Полка =စင်(shelf)
Холодильник =ရေခဲသေတ္တာ
Тумбочка=ကြောင်အိမ်အပုလေး
Шкаф =ကြောင်အိမ်
Ящик =အံဆွဲ
Скатерть=စားပွဲခင်း
Стол =စားပွဲခုံ
Стул =ဖင်ထိုင်ခုံ
Кресло =လက်တင်ကုလားထိုင်
Скамья =ခုံရှည်
Половая щётка= တံမြက်စည်း
Совок =ဂေါ်ပြား
Веревка =ကြိုး
Штора =ခန်းစီး(လိုက်ကာ)
Окно =ပြတင်းပေါက်
Дверь =တံခါး
Весы =ချိန်ခွင်
Мыльныца=ဆပ်ပြာခွက်
Мыло =ဆပ်ပြာ

လိုအပ်ရင် သုံးလို့ရအောင်လို့ သိသလောက်လေး တင်ပေးလိုက်ပါတယ် ။ အသုံးလိုရင် ယူဖတ်လိုက်ပါ ။ ယူသွားပါအုံး… အဆင်ပြေရင် ပြေသလို ထပ်တင်ပေးပါအုံးမယ် ။
ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတစ်ပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကားပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။အလှူပွဲများ စဉ်ဆက်မပျက် ကျင်းပကြ၏။ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။



နောင်တ၁၀-မျိုးကား

၁။အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်ခဲ့မိလေခြင်း။
၂။ဥစ္စာပစ္စည်းမစုဆောင်းမိခဲ့လေခြင်း။
၃။သူတပါး၏အချစ်ကိုဖျက်ဆီးမိခဲ့လေခြင်း။
၎။သူတပါး၏အသက်ကိုသတ်မိခဲ့လေခြင်း။
၅။သူတပါးသားမယားကိုပြစ်မှားမိခဲ့လေခြင်း။
၆။ဥစ္စာပစ္စည်းရှိလျက်မလှူမိခဲ့လေခြင်း။
၇။ဆုံးမစကားကိုနားမထောင်မိခဲ့လေခြင်း။
၈။မိဘကိုမလုပ်ကျွေးမိခဲ့လေခြင်း
၉။ပညာရှိထံနည်းခံ၍ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။မြတ်သောအကျင့်ကိုမကျင့်မိခဲ့လေခြင်းတို့ဖြစ်သည်။

အကိုး။ဒွါဒသနိပါတ်၊ဇနသန္ဓဇာတ်။

(ဉာဏ်လင်းအောင်)
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ ) မှ ကူးယူဖော်ပြပါသည် ။ နှစ်သစ်မှစလို့ ကောင်းမွန်သော အလုပ်၊ ကောင်းမွန်သော စိတ် ၊ ကောင်းမွန်သော အတွေးတွေမွေးနိုင်ကြပါစေ ။ အလှူဒါန များစွာ လှူဒါန်းနိုင်ကြပါစေ။ မိဘကို ပြုစု လုပ်ကြွေးနိုင်သော သား၊သမီး ရတနာများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း..... နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

ရှင်းသန့်(17.04.2011 sunday)
မိသားစုထဲကလူတွေကို ဘယ်လို ခေါ်တယ် ဆိုတာလေး ပြောပြချင်ပါတယ် ။ သိပြီးသားဆိုလဲ ပိုမှတ်မိသွားတာပေါ့ ။ နဲနဲလောက် ဖတ်လိုက်ပါအုံး….
Семья (семейство)
Отец =အဖေ
Мать =အမေ
Дедушка =အဘိုး
Бабушка =အဖွား
Дядя =ဦးလေး
Тётя =အဒေါ်၊ အန်တီ
Муж =လင် ၊ယောင်္ကျား
Жена =မိန်းမ
Брат =အကို
Сестра=အမ
Сын =သား
Первенец =သားဦး(သမီးဦး)
Дочь =သမီး
Ребёнок =ကလေးလေး
Внук =မြေး
Внучка =မြေးမလေး
няня = သူနာပြု ၊ ကလေးထိန်း

Родители =မိဘများ
Дети =ကလေးများ
Мальчик =လူငယ်လေး
Девочка =မိန်းမငယ်လေး
Юноша(пацан)=လူငယ်
Парень =လူငယ် (boy,guy)
Девушка =အပျိုမရွယ် မိန်းကလေး(girl)
Племянник =တူလေး
Племянника =တူမလေး
Двоюродный (брат ,...)=တစ်ဝမ်းကွဲ အကို၊အမ၊…

Парнишка =လူပျိုပေါက်စ
Холостой =လူပျို
Одинокая =အပျိုမ
Барышня =မိန်းမငယ်လေး
Тёща =သမက်(mother-in-law)
Тесть =သမက်(father-in-law)
Зять =ယောက်ဖ
Влисници =အမွှာပူး
Вдовец =မုဆိုးဖို
Вдова =မုဆိုးမ
Евнух =မိန်းမစိုး

Сирота =မိဘမဲ့
Жених =သတို့သား
Женат =မိန်းမယူ
Замужем =ယောက်ျားယူ
Свадьба ( женитьба, венчание )=မင်္ဂလာဆောင်
ဒီလောက်ပဲ သိပါတယ် ။ သိသလောက် ပြောပြပေးတာပါ ။ ဖတ်လိုက်လို့ နဲနဲလောက် ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ လိုအပ်ရင် ကူးယူထားလိုက်ပေါ့ … အိုကေ
ရှင်းသန့်(16.03.2011)
Comments: (0)

စာမရေးဖြစ်တာလည်း ကြာပြီဆိုတော့ ဒီနေ့တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးကိုပဲ တင်ပြလိုက်ပါ အုံးမယ်။ ဒီနေ့ ဆရာမခေါ်လို့ ကျောင်းကို တစ်ယောက်တည်း သွားတယ် ၊ တစ်ယောက်တည်း  ပြန်လာတယ်။ ရာသီဥတုကတော့ သိပ်မအေးတော့ပါဘူး ။ ဒါပေမဲ့ နှင်းတွေ အရည်ပျော်တော့ လမ်းလျှောက်ရတာ မကောင်းဘူး ။ ဖိနပ်တွေ ဘောင်းဘီတွေ ပေတာပေါ့ ။ မိုးဖွဲလေးလဲ ကျနေ သေးတယ်။ ဒါက ဒီနေ့စ ကြုံရတာလေးကို စကားခင်းလိုက်တာပါ။ ဒီလိုနဲ့ ကျောင်းရောက်သွားတယ်၊ ဆရာမကြီးနဲ့  စာတွေ ပြောကြ ၊ မေးကြပေါ့ ။ သိပ်တော့မများပါဘူး နာရီဝက်လောက်ပါပဲ ။ ထို့နောက် ဆရာမကြီးကို နုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။ မနက်က ဘာမှ မစားခဲ့တာရယ် ၊ ရာသီဥတု ကြောင့်ရယ်လားမသိပါဘူး  လမ်းလျှောက်ရင်းနဲ့ပဲ ခေါင်းမူးသလိုလို ၊ ဇတ်ကြောတွေ တတ်သလိုလိုနဲ့ သိပ်အဆင်မပြေတော့ဘူး ။ ဒါနဲ့ ကားဂိတ်ကို အမြန်လေး လျှောက်လာတယ်။ ကားဂိတ်ရောက်တော့ ကား ၃ စီးလောက်ကျော်မှ လိုက်ဖြစ်တယ်၊ ရုံးဆင်းချိန်ဆိုတော့ လူကြပ်တာနဲ့ မလိုက်ဘဲ နေလိုက်တာပါ ။ နောက် ၄ စီးမြောက်ကြတော့ အိမ်မြန်မြန်ရောက်ချင်စိတ်နဲ့ ဘယ်လိုဖြစ်ဖြစ် လိုက်တော့မယ် စိတ်ကူးပြီး တတ်လိုက်ပါတယ်။


ကံကောင်းချင်တော့ ခုံတစ်နေရာ လွတ်နေတာနဲ့ ၀င်ထိုင်လိုက်ပါတယ်။ ခေါင်းက မူးနောက်နောက် ဖြစ်နေတာနဲ့ အပြင်ကို ကြည့်ကြည့်ပေးနေပါတယ်။ သို့သော် ရာသီဥတုကအေးသေးတော့ တံခါးတွေက မဖွင့်သေးဘူးလေ ။ နွေဆိုရင်တော့ တံခါးလေးတွေ ဖွင့်ထားတော့ အဆင်ပြေတယ် ၊ လေရတယ် ။ နောက် ၂ မှတ်တိုင်ရောက်တော့ ကားပေါ်ကို အထုပ် နှစ်ထုပ် လက်ကဆွဲပြီး အသက် ၆၀ကျော်ရှိမည် ထင်ရသော အဖွားအို တစ်ယောက် တတ်လာပါတယ်။ ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ပါဘဲ ။ နောက်မှတ်တိုင်  ရောက်တော့ လူတွေပိုတိုးလာတယ် ၊ ကားက ပိုကြပ်လာတယ်။ ခုံရထားတဲ့သူတွေကလဲ အေးဆေးပါပဲ။ ဘယ်သူမှ မထပေးကြဘူး ။ ကျွန်တော်လဲ ထပေး လိုက်ရမလား ၊ သူတို့များ ထပေးမလားနဲ့ စောင့်နေ သေးတယ်။ ဘယ်သူမှ ထပေးဟန်မပေါ်တာနဲ့ ကျွန်တော် ထပေးလိုက်ပါတယ် ။
" အဖွား ၀င်ထိုင်ပါ " လို့ ပြောလိုက်တာနဲ့ အဖွားအိုကလဲ ချက်ချင်းဝင်ထိုင်ပြီး " ကျေးဇူးတင်ပါတယ် … ကျန်းမာပါစေ … ဘုရားသခင် ကောင်းချီးပေးပါစေ" ဆိုပြီးဆုတွေ ပေးနေပါတယ်။ ကျွန်တော်လဲ ခေါင်းကမူးနေတာနဲ့ ကျေးဇူးပါပဲ လို့ပြောပြီး အပေါ်က လက်ကိုင်တန်းကို ကိုင်ပြီး ရပ်နေပါတယ်။ လူတွေ ထပ်ထပ်တိုးလာတာနဲ့ အဲဒီကျွန်တော် ဖယ်ပေးလိုက်တဲ့ ခုံနောက်ကို ရောက်သွားပါတယ်။ မှန်နားလေးမှာ ရပ်နေလိုက်ပါတယ်။ အဲဒီမှာပဲ လက်တစ်လုံး နီးနီးလောက်ဟနေတဲ့ မှန်နဲ့တံခါးဘောင် နေရာလေးကို မျက်နှာက ရောက်သွားတော့ လေက မျက်နှာကို ဝေ့တိုက်လိုက်တာ သတိထားမိတယ်။ ဒါနဲ့ အော်…ဒီနေရာက လေရတာပဲဆိုပြီး အဲနားလေးမှာပဲ ကပ်ပြီးရပ်နေပါတော့တယ်။ သိပ်မကြာခင်ပဲ ခေါင်းမူးသလိုလို ဖြစ်နေတာက သက်သာလာတယ် ။ ပိုလန်းလာတယ် ။ ကြာလာတော့ သက်သာသွားတယ် ။ ဒီလိုနဲ့ ကျွန်တော့်မှတ်တိုင်ရောက်တော့ ဆင်းလိုက်ပါတယ် ။ အဖွားအိုကိုလဲ နုတ်ဆက်ခဲ့ပါသေးတယ်။ လမ်းလျှောက်ရင်း တွေးမိလိုက်တာက ဒါ စေတနာ့ အကျိုးကျေးဇူးဖြစ်မယ်လို့ တွေးမိလိုက်ပါတယ် ။ကျွန်တော်ဟာ ခုဆိုရင် လန်းလန်းဆန်းဆန်းဖြစ်နေပြီလေ။ ပုံမှန်လမ်းလျှောက်လာရင်း ဒီနေ့ကိုယ်လုပ်ပေးခဲ့တဲ့ လုပ်ရပ်လေးအတွက် စိတ်ထဲမှာလဲ ပျော်သလိုလို ခံစားလာမိတယ်။ အဖြစ်ပျက်လေးကတော့ ဒါပါပဲ ။ ကျွန်တော်ရေးတတ်သလိုလေးနဲ့  ၊ ကျွန်တော့် ကိုယ်တွေ့လေးကို  ရေးလိုက်တာပါ ။


ဖတ်လိုက်လို့ တစ်ခုခုလေးရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ ဆက်လျှက်ရေးပါအုံးမယ်…..


ရှင်းသန့်(15.03.2011) 



တစ်နှစ်တာက အချိုးချလိုက်လို့လား ဒီအချိန်မှာ ဖြေရမယ်လို့ သတ်မှတ်လိုက်လို့လား မသိပါ ၊ သို့သော် မကြာသော ရက်အနည်းငယ်တွင် နှစ်ဝက်စာမေးပွဲကြီးနီးလို့ပင် လာပါပြီ။ ကျွန်တော်တို့ဆီမှာ နှစ်ဝက်စာမေးပွဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်က န၀မတန်း ကျောင်းသားလေးပါ။ ဒီစာမေးပွဲမှာ အဆင့်ကောင်းတဲ့သူတွေ မြို့ကို ပညာရည်ချွန်အဖြစ် ရွေးချယ်ခံရပြီး သွားရောက် ယှဉ်ပြိုင် ဖြေဆိုရပါမယ်။ ကျွန်တော်တို့စာသင်ကျောင်းလေးက မြို့နဲ့၎မိုင်လောက် အဝေးမှာ တည်ရှိပါတယ်။ ရွာအလယ်တန်း ကျောင်းကို မြို့မှတွဲဘက် အထက်တန်း ကျောင်းအဖြစ် တွဲယူထားတဲ့ ကျောင်းလေး ဖြစ်ပါတယ်။ ရွာပေါင်းစုံက လာတတ်ကြတော့ လူများပါတယ်။ ရွာပေါင်းစုံက လာဆုံကြရပါတယ် ။ 




ရွာတွေတိုင်းမှ အတော်တွေ လာစုကြပါတယ်၊ ပုံမှန်တွေကော၊ ညံ့တာတွေကော ပါတာပေါ့။  ပညာရည်ချွန် အရွေးခံရသူများကတော့ အလွယ်ပြောမယ်ဆိုရင်တော့ အတန်းထဲမှာ ထူးချွန်သူများ (စာတော်သူများ)ပေါ့ ။ ဘာသာစုံဖြေဆိုဖို့ ရွေးချယ်ခံရသူများရှိသလို၊ တစ်ဘာသာခြင်း ဖြေဆိုဖို့ ရွေးချယ်ခံရသူများလည်း ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် မြို့တတ်ပြီး သွားပြိုင် ရတယ်ဆိုတော့ ဂုဏ်ယူစရာ၊ ၀မ်းသာစရာ တစ်နည်းအားဖြင့် ကြွားစရာလဲ ဖြစ်တာပေါ့ဗျာ ။ ရွာရဲ့ အသိုင်းဝိုင်းမှာတော့ လူတော်လေးတွေပေါ့။ သွားမဖြေခင် ၂ ပတ်လောက်မှာ ရွေးပါတယ် ။ ရွေးပြီးတာနဲ့ ဘာတွေကို ကျက်ထား၊ ဘယ်ဟာက မေးနိုင်တယ် ၊ ဒါကိုလဲ မလွှတ်နဲ့ ကျက်ထား ၊ ဖတ်ထားနဲ့ သင်ပြီးသမျှ အကုန်နီးပါးပါပဲ။ အဲဒီအတွက် ရွေးချယ်ခံရဖို့ကို ရှေ့ကစာမေးပွဲတွေ အမှတ်ကောင်း ရပါမယ်။ ဒီအတွက် ကျွန်တော်ခု ဖြေဆိုမဲ့စာမေးပွဲမှာ အမှတ်ကောင်းမှ ဖြစ်မယ် ဆိုတဲ့အတွေးနဲ့ ကျွန်တော်စာကို ကြိုးစားပြီး ကြည့်နေပါတယ် (ကျက်နေပါတယ်)။ ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်နေမကောင်း ဖြစ်ပါတော့တယ်။ ကျောင်းသုံးရက် ဖျက်လိုက်ရပါတယ်။ ကျောင်းသုံးရက်ဖျက်လိုက်ရတဲ့အတွက် စာလဲနောက်ကျပြီ။ ပြန်ကူးရမယ်၊ ပြန်ရှင်းခိုင်းရမယ်နှင့် စိတ်တွေ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေပါတော့တယ်။ ကျွန်တော့်သူငယ်ချင်း ကိုနေလင်းက စာအုပ်တွေ ပေးငှားပါတယ် အထူးသဖြင့် သချာင်္တွေကို ရှင်းပြပါတယ်။ ဒီရက်အတွင်းသင်တာတွေက စာမေးပွဲမေးဖို့ သေချာသလောက်တွေဆိုတော့ ပိုဂရုစိုက်ရပါတယ်။ သူလဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြနေပါတော့တယ်။ ကျွန်တော်လည်း အလေးနက်ထား နားထောင်တဲ့အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်။



အော်… ပြောရအုံးမယ်၊ အတန်းထဲမှာ ကိုနေလင်းနဲ့ ကျွန်တော်က သချာင်္မှာ အမှတ်အများဆုံး၊ အတော်ဆုံး တွေပေါ့။ ခုလဲ သူနဲ့ ကျွန်တော်ထဲက တစ်ယောက်ယောက် သွားဖြေရမယ်ဆိုတာ ကြိုသိထား ကြပါတယ်။ ကိုနေလင်းက သူ့သချာင်္စာအုပ်ကို ကျွန်တော့်ကို ပေးလိုက်ပါတယ်။  စာမေးပွဲဖြေခါနီးရက်မှ ပြန်ယူမယ်၊ ကူးထားပါတဲ့။ ကျွန်တော်လဲ စာအုပ်လေးယူလာပြီး အိမ်ပြန်လာပါတော့တယ်။ ထိုည စာတွေကူးလိုက်၊ ကျက်လိုက်နဲ့ အလုပ်ရှုပ် နေပါတယ်။ ဖြေဖို့လဲ ၇ ရက်သာလိုပါတော့တယ်။ ဒီအချိန်မှာဘဲ ကျွန်တော် အတွေးဆိုးများ၊ မကောင်းသောအကြံဆိုးများ ပေါ်လာပါတယ်။ ကျွန်တော်တွေး လိုက်မိတာက… „ ငါတစ်ခြားဘာသာတွေကလဲ ကျက်ဖို့ရက်ကလဲ နဲတယ်၊ တခြားလူတွေ အရွေးခံရမှာဘဲ ။ ငါ သချာင်္မှ အရွေးမခံရရင် ကျန်တာတွေက သိပ်မသေချာတော့ဘူး။ သချာင်္တော့ ငါ အများဆုံးဖြစ်မှ ရမယ်။ ငါနဲ့အတူဖြစ်နိုင်တာ ကလဲ ကိုနေလင်းတစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ငါဘာလုပ်ရမလဲ။ သချာင်္မှ မပါရင် ငါဒီနှစ် ပညာရည်ချွန်မဖြေရတော့ဘူး ၊ နှစ်ဝက်မှာလဲ ဆု ရတော့မှာ မဟုတ်ဘူးနဲ့… အိပ်လို့မပျော်နိုင်ဘဲဖြစ်နေတယ်။ ဟုတ်ပြီ ငါ ကိုနေလင်းစာအုပ်ကို ပြန်မပေးဘဲ ထားလိုက်မယ်၊ ပျောက်နေတယ် ၊ဘယ်နားထားမိလည်းမသိဘူး၊ တောင်းပန်ပါတယ် ဘာညာနဲ့ ငါ လုပ်လိုက်မယ်…” ဟူသော အတွေးဆိုးများဝင်လာပါတော့တယ်။ ဒီလိုနဲ့ ဖြေဖို့ ၂ ရက်အလိုမှာ စာအုပ်လာတောင်းပါတယ်။ ကျွန်တော် ကြိုတွေးထားတဲ့အတိုင်း စာအုပ်ပျောက်နေလို့ ငါလဲ ရှာတာ ဘယ်လိုမှမတွေ့ဘူး၊ စိတ်မကောင်းပါဘူး ၊ ဘာညာနဲ့ ပြောလိုက်ရပါတယ်။ ကိုနေလင်းလဲ ကျွန်တော့်ကို နေမကောင်းထားတဲ့ သူမို့လား မသိပါဘူး ၊ ဘာမှ မပြောဘဲ ပြန်ထွက်သွားပါတော့တယ်။ ကိုနေလင်း တစ်ယောက် ဖြေခါနီးအထိ ပုံသေနည်းတစ်ခု သိချင်လို့ ၊ ဟိုဟာလေးမေ့နေလို့ ငါ့ကို ခနပြပါအုံး ဆိုပြီး သူများဆီက စာအုပ်ငှားကြည့်နေရတယ်လို့ ကြားပါတယ်။  ဒီလိုနဲ့ ဖြေလို့အပြီး အမှတ်များ ကြေငြာစဉ်မှာဘဲ ကျွန်တော်ထင်ထားတဲ့အတိုင်း ကျွန်တော် အများဆုံးရပါတယ်။ အရွေးခံလိုက်ရပါတယ် ။ သို့သော် ကိုနေလင်းနှင့် ကျွန်တော်ဟာ အမှတ် ၂ မှတ်သာကွာပါတယ်။ အားလုံးကလဲ နေမကောင်းတာတောင် ဖြေနိုင်တယ် ဆိုပြီး ၀မ်းသာစကားပြောပေးကြပါတယ်။ ကျွန်တော်လဲ ထိုအချိန်မှာ ပျော်နေပါတယ်။ ကျောင်းကအပြန် လမ်းခရီးမှာ စက်ဘီးနင်းရင် ကိုနေလင်းက မင်းတော်တယ်ကွာတဲ့… ကျွန်တော့်မှာ ပြောစရာစကားမရှိဘဲ ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ခနနေမှ သတိဝင်လာပြီး …မင်းလဲ တော်ပါတယ်ကွာ မင်းရှင်းပြကောင်းလို့ ငါခုလိုရတာပါကွာ လို့ ပြန်ပြောလိုက်ရပါတယ် ။ ထိုနေ့မှစလို့ ကိုနေလင်း ကိုတွေ့ရင် ရှက်တဲ့စိတ်တွေ ၀င်နေပါတော့တယ်။
နောက်ရက်မှာဘဲ အခန်းတွင်း ဆုပေးပွဲနှင့် လူရည်ချွန် ရွေးချယ်ပွဲ လုပ်ပါတယ်။ အသီးသီး ဘာသာရပ်လိုက် အများဆုံးရတဲ့လူများ ဆုများ ယူနေကြပါတယ်။ ကျွန်တော့်အလည့်ရောက်တော့ ဆုယူရမှာကို ရှက်လာ ပါတယ်။ ကိုနေလင်းက ကျွန်တော့်ဘေးမှာ ထိုင်တာဆိုတော့ သူကို ကျော်ဖြတ်ပြီးမှ ဒီဆုကို ယူရမှာလေ။ သူ့ကိုကြည့်မိတဲ့အခါတိုင်း ရှက်မိတယ်။ သူက ဖြူဖြူစင်စင်နဲ့ ကြည့်လည်း ကျွန်တော့်အတွက်တော့ ခနဲ့သောအကြည့်၊ သို့မဟုတ် ကျွန်တော့်ကို ရှက်စေတဲ့ အကြည့်လို့ ခံစားမိတယ်။ ကျွန်တော့်အလည့်ရောက်လာတော့ ဆုယူနေစဉ် ကိုနေလင်းကို လည့်ကြည့်မိတယ် ကိုနေလင်းပြန်ကြည့်တဲ့အကြည့်က ကျွန်တော့်ကို… မင်းမရှက်ဘူးလားလို့ ပြောလိုက်သလိုပါပဲ…။ သူများတွေက ပြုံးပြုံးလေးနဲ့ ဆုယူသွားကြပေမဲ့ ကျွန်တော့်မှာတော့ ရယ်မလိုလို ငိုမလိုလို(မဲ့တဲ့တဲ့) မဲ့ပြုံး နဲ့ ဆုယူလိုက်ရပါတော့တယ်။ ဒီစာကိုဖတ်တဲ့ သူငယ်ချင်းများကော ကျွန်တော့်လို မဲ့ပြုံးနဲ့ ဆုယူဖူးကြလား။ မယူဘူးရင်လည်း မယူမိပါစေနဲ့ ။ ကျွန်တော်လဲ အဲဒီနောက် ဘယ်တော့မှ မဲ့ပြုံးနဲ့ရမဲ့ဆုမျိုးကို မယူတော့ပါဘူး။ အသိလေးတစ်ခု ၀င်လာတာနဲ့ ရေးဖြစ်လိုက်တာပါ။ ဘာလုပ်လုပ် မိမိစိတ်ကို ဖြူဖြူလေးထားပြီး သူများကို ပျက်စီးစေလိုတဲ့ အတွေးတွေ ၊ လုပ်ရပ်တွေ မရှိဘဲ ရပ်တည်ရတာ ဘယ်လောက် လှပတဲ့ ဘ၀လဲ ၊ ဘယ်လောက် ဖြူစင်လဲ…။

စိတ်ထားကောင်းလေးများ ထားနိုင်ကြပါစေ။ မိမိမှာ သိရှိထားသည်များကိုလည်း ပြန်လည် ဝေမျှခြင်း၊ သင်ပြခြင်းဖြင့်လည်း ကုသိုလ်ထူး ကုသိုလ်ကောင်းများ ရယူနိုင်ကြပါစေ။




*ဖတ်လိုက်လို့ တစ်ခုခုရသွားတယ်ဆိုရင်ဘဲ ၀မ်းသာမိပါတယ်။ သင်ခန်းစာ လေးပေါ့ဗျာ…။

ရှင်းသန့်(27.02.2011)

အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမီ ပြင်ဆင်ထားရပါသည်။ ဘုန်းကြီး ကြွလာပြီးပရိတ်နာသည့် အခါမင်္ဂလာစားပွဲမှာ ဘုန်းကြီးများ ရှေ့တွင်တည်ရှိ နေရပါမည်။ ယင်းမင်္ဂလာစားပွဲ ရှေ့တွင်သမီးရှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရပါမည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးရှင်မွေးရက်နှင့် နေ့နံသင့်တော်သူများသာ ဖြစ်ရပါမည်။ရှေးဦးစွာ သီလခံယူပြီးလျှင် ပရိတ် ကြိုးဖြင့်စည်းဝိုင်းချရပါသည်။


သမီးစောင့်ခြင်း

သမက်တက်သည့်နေ့နံနက်ကိုးနာရီခန့်တွင် သမီးရှင်နှင့် ရင်းနှီးသော မိတ်ဆွေမိန်းကလေးများ ဆွေမျိုးများကို ထမင်းကျွေးမွေးကြသည်။ သမီးရှင်မှာအလှပဆုံး ၀တ်စားခြယ်လှယ်ကာ နေ့သင့်နံသင့်အပျိုရံ နှစ်ယောက်လက် ၀ဲလက်ယာရံလျက် မင်္ဂလာဆောင်မည့် နေရာတွင် ထိုင်၍ဧည့်ခံရသည်။


သမက်တက်ခြင်း

သမက်ရှင်ဘက်မှ သမီးရှင်ဘက်သို့သွားကြသောအခါ သမက်ရှင်အဖေ၊ အဘိုးဆွေမျိုးများ အမျိုးသားကြီးများကရှေ့မှ ဦးဆောင်လာကြပြီး အမေ၊အဘွားအမျိုးသမီးကြီးများကနောက်
လိုက်ကြရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်အမျိုးသမီးများက တစ်ယောက်ချင်း တန်းစီ၍ လျှောက်လာကြရသည်။ အုပ်ထမ်းသူများမှာ မိန်းမချောမိန်းမလှလေးများ ဖြစ်ကြသည်။ ရှေ့ဆုံးမှအညွန့်ပန်းအုပ်ကို သမက်ရှင်၏အစ်မ၊ သို့မဟုတ် ဆွေမျိုးရင်းချာထဲကထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ ငှက်ပျောသီးများထည့်ကာ ထမ်းလာကြသည်။ အုပ်ထမ်း သူများ အတွက်လက်ဆောင်အဖြစ် ပ၀ါပိုင်းများကို အုပ်များတွင် ချည်နှောင်ထားရှိကြသည်။ အုပ်များကို သမက်ရှင် တက်နိုင်သည့်အလျောက် ၇အုပ်၊ ၉အုပ်၊ ထားရှိကြသည်။ အုပ်ထမ်းသူ များ၏နောက်နားတွင် သမက်ရှင်အဖွဲ့ ပါလာကြသည်။ သမက်ရှင်၏ဦးသျှောင်နှင့် ရေစင်အိုးကို ရှေ့ကသယ်ယူလာကြပြီး သမက်ရှင်မှာ ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုး၊ လည်တောင်အင်္ကျီ၊ ရင်ဖုံး တိုက်ပုံကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်ဆောင်သူများခြံရံလျက် လိုက်ပါ လာပါသည်။ ၄င်းတို့၏နောက်တွင် သမက်ရှင်၏ အပေါင်းအဖော်များမှာ သေတ္တာနှင့် အိပ်ယာလိပ်တို့ကို သယ်ဆောင်လာပြီး ဗုံ၊လင်ကွင်း၊ပုလွေ တီးမှုတ်သူများနှင့် တပျော်တပါး လိုက်ပါလာကြပါသည်။
သမီးရှင်အိမ်ရောက်သည့် အခါသမီးရှင်မိဘဆွေမျိုးများက ဆီးကြို၍ ဧည့်ခံရင်း နေရာထိုင်ခင်း များပေးကြသည်။ ရှေးဦးစွာ အညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့် အတူပန်းဆင်ပေးရန် သမီးရှင်နားနေရာယူရသည်။ ကျန်အုပ်များကို သမီးရှင်အိမ်မှလက်ခံယူ၍ နေရာချထားကြသည်။ သမက်ရှင်ဘက်မှ သယ်ဆောင်လာသော မင်္ဂလာရေစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးရှင်၏ရေစင်အိုးနှင့် အတူထားရှိရသည်။ အညွန့်အုပ်ထမ်း လာသူက သမက်ရှင်၏ အစ်မဆွေမျိုးများက သမီးရှင်ကိုပန်းဆင်ပေးရသည်။ အညွန့်အုပ်တွင်ရာသီအလိုက် ပန်းများပါလာကြသည်။
ဥပမာ-နှင်းပန်း(နှင်းကဲ့သို့အေးစေရန်)၊ နှင်းဆီပန်း (နှင်း၏အဆီအနှစ်ကဲ့သို့အေးချမ်းစေရန်) သဇင်ပန်း(သန့်စင်ရန်)၊ အချစ်တစ်ရာပန်း (အချစ်တစ်ရာတိုင်ကြာစေရန်) *(အ၀ါရောင်ကုလား မင်္ဂလာပန်း) စံပန်းကုံးစံရရန် ပန်းများပန်းကုံးများကို တစ်စုံစီအညွန့်အုပ် တွင်ထည့်လာရသည်။ ပန်းဆင်ပေးသူက ပန်းများကို တစ်စုံစီ ငါးစုံဆင်မြန်းပေးရသည်။ ဆံထုံးထဲတွင်လဲ ပန်းကုံးများထည့်၍ ပန်းပေးရသည်။ ထို့နောက်သမီးရှင်ကို ဦးသျှောင်ဆောင်းပေးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးရှင်ကိုပန်းဆင်ပြီးနောက် သမက်ရှင်ကို အိမ်ထဲသို့ဝင်စေသည်။ အ၀င်တွင်သမီးရှင်၏ ညီမအပျိုက ခြေဆေး၍ ငွေတောင်းခံသည်။ လူပျိုရံများက ဈေးဆစ်ကြခြင်းဖြင့်အချေအတင် ပြောဆိုကြသည်။ လူပျိုရံ၊အပျိုရံများတစေ့တစောင်းပြောဆိုကြသဖြင့် ပျော်စရာကောင်းသော အချိန် ဖြစ်ပေသည်။ အိမ်ပေါ်ရောက်သောအခါ သမက်ရှင်ကို ရေတစ်ခွက်တိုက်ရသည်။
ထို့နောက် သမက်ရှင်ကို သမီးရှင်၏ညာဘက်တွင် နေရာယူစေပြီးဦးသျှောင်ဆောင်းပေးရသည်။ ထိမ်းပေးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရေစင်အိုးများ ကိုလည်းကောင်း  ၇ပတ်၊ ၉ပတ် ပတ်ထားသော ပရိတ်ချည်မျှင်ကွင်းများဖြင့် တစ်မျိုးတစ်စုံစီကျစီ ရစ်ပတ်ပေးရသည်။ ထို့နောက်မောင်နှံအစုံအပါအ၀င်၊ မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ သေတ္တာများ အားလုံးကိုပရိတ်ချည်မျှင်ဖြင့် ရစ်ပတ်ပေးရသည်။ ထို့နောက်သမတ်ရှင်၏ ညာလက်နှင့်သမီးရှင်
၏ညာလက်ကိုပေါင်း၍ ချည်မျှင်များဖြင့်ရစ်ပတ်ပေးရသည်။ လက်ထပ်ပေးသည့် အမျိုးသမီးကြီးများက မောင်နှံစုံကိုအောင်သပြေခက်ဖြင့် ရေစင်အိုးနှစ်စုံမှ ပေါင်းစပ်ထားသော ရေစင်များ ပက်ဖျန်းကာ ဆုတောင်းမေတ္တာပို့ပေးကြသည်။ဆက်လက်၍သမတ်ရှင်နှင့်သမီးရှင်လက်များကိုပေါင်းပြီးရေစင်များသွန်း

လောင်းကြပါသည်။ သမီးရှင်လက်ကို အောက်တွင်ထားပြီး သမက်ရှင်လက်ကိုအပေါ်မှထား ကြသည်။ အချို့မှာသမက်ရှင်လက်ကို အောက်ကလှန်ထားပြီး သမီးရှင်လက်ကို အပေါ်က မှောက်ထားသည်။ အဓိပ္ပါယ်မှာ သမက်ရှင်က သမီးရှင်ကိုညာလက်ဖြင့် တောင်းခြင်းကို သမီးရှင်ကညာလက်ဖြင့် လက်ခံခြင်း၊ သမက်ရှင်က သမီးရှင်ကိုတစ်သက်လုံး စောင့်ရှောက်ထောက်ပံ့ တာဝန်ယူသွားမည် ဟူသောသဘောကိုဆောင်ပါသည်။

မိဘများကိုကန်တော့ခြင်း

သမီးရှင်ရှေ့တွင် သမက်ရှင်ဖခင်၊ သမက်ရှင်ရှေ့တွင်သမီးရှင်ဖခင်တို့က နေရာယူရပါသည်။
သမီးရှင်သမက်ရှင်တို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်း ထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားကြသည်။ စားသောက်ပြီးငွေဖလားတွင်အတူလက်ဆေးကြရသည်။

လက်ဖွဲ့ခြင်း

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွေမျိုး မိတ်ဆွေများက သမီးရှင်သမက်ရှင်ရှေ့ရှိ ငွေဖလား နှစ်ခုထဲသို့လက်ဖွဲ့ငွေများထည့်ကြပါသည်။လက်ဖွဲ့ခံပြီး သောဖလားကို သမက်ရှင်က သမီးရှင်ကို အပ်ရသည်။သမီးရှင်ကကန့်တော့၍လက်ခံယူရပါသည်။

သျှောင်ချသျှောင်တင်

သမက်ရှင်က မိမိဦးသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏ ဦးသျှောင်ကို ချွတ်ယူကာ မိမိ၏ဦးသျှောင်ကိုဆောင်းပေးရသည်။ သျှောင်တင်သျှောင်ချ ပြုလုပ်စဉ် သမီးရှင်က သမက်ရှင်ကိုရှိခိုးနေရပါသည်။ သျှောင်တင်သျှောင်ချအဖြစ် သမက်ရှင်ကသမီးရှင်ကို ငွေလက်ဖွဲ့ သဖြင့်သမီးရှင်ကန်တော့ပြီးလက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်ရှင်က သမီးရှင်ဘက်မှ အပျိုရံလူပျိုရံတို့က ရွှေကြိုးတား၍ ကြိုးတားခပေးရသည်။ နောက်ဆုံး ခန်းဝင်ခပေးဆောင်ရသည်။



အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး ၇ရက်နေ့တွင် သမီးရှင်သမက်ရှင်တို့သည် သမက်ရှင်၏မိဘအိမ်သို့နံနက်မှစ၍ လည်ကြရသည်။ သမက်ရှင်၏မိဘ၊ ဘိုးဘွားများကို သမီးရှင်သမက်ရှင်တို့က ကန်တော့ရသည်။ ညနေစာစားပြီးမှပြန်ကြသည်။ သည်လိုနှင့်ပင် ကြင်စဦးဇနီးမောင်နှံတို့သည်အိုးအိမ်တည်ဆောက်ကာ တလင်တမယားစနစ်ဖြင့်နေထိုင်ကြတော့သည်။
ရခိုင်လူမျိုးတို့သည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ရှောင်လေ့ရှိပြီး တပေါင်း၊ တန်ခူးလ များတွင်အများဆုံးကျင်းပပြုလုပ်ကြသည်။ ပြာသိုလတွင်မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ် မွဲပြာကျတတ်သည်ဟုယူဆကြသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များစွာရှိလေသည်။ ထိုချမှတ်ထားသော စည်းကမ်းချက်များကိုအတိ အကျပြုလုပ်ကြသဖြင့် လက်ထပ်ပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရှေးရိုးရာမပျက် ချစ်စရာ၊မြတ်နိုးစရာ အသွင်များဆောင်နေပါသည်။ ရခိုင်လူမျိုးတို့၏ ချစ်စရာကောင်းသော ဓလေ့၊ တစ်မူထူးခြားသော မင်္ဂလာအယူအဆများဖြင့် ပြည့်လျှံနေကြောင်းတွေ့ရပါသည်။





ရခိုင်မှာ ဘုရားပေါင်း သိန်း ၊ သန်းရှိဆိုတဲ့ တေးသွားလိုပါပဲ ရခိုင်မှာ ရှေးဟောင်းဘုရားပေါင်းများစွာကို လာရောက်ဖူးမျှော်ဖို့ ဖိတ်ခေါ်ပါတယ် ။ ရခိုင်သဇင်လေးတွေကိုလဲ အနီးကပ် မြင်ရတာပေါ့ ။ ရခိုင်ကို လာလည်ဖို့ ဖိတ်ခေါ်ရင်း ...ရပ်နားလိုက်ပါတယ် ။

 ကျွန်တော်ဖတ်တာကတော့ အင်တာနက်ထဲကပါ ။ အဲဒီစာတွေအောက်မှာပါတဲ့ ကျမ်းကိုးများကို ဖော်ပြလိုက်ပါတယ် ။
ကျမ်းကိုးကားစာအုပ်များ -သားချင်းတို့အကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
-ပြည်ထောင်စုသားတို့၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ(တက္ကသိုလ်သျှင်သီရိ)
- မြတ်ပန်းသဇင်ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၂၀၀၇ ထုတ်  


 
ရှင်းသန့်(24.02.2010)